* ဇီဝနရီခွင်
အိပ်မက်မြင်သည်
နိုးလျှင်မေ့သွားတော့မှာလား
နိုးလျှင်အမှတ်တရဖြစ်မှာလား။
* အမှတ်တရအိပ်မက်လေး
ငါ့ထံပေးပါ
အိပ်ရေးပျက်လည်းပျက်ပါစေ။
* အိပ်မက်ဘ၀နဲ.
ဘ၀အိပ်မက်
ကွာရက်တွေကြာဖြစ်မလာလည်း
ငါ့မှာတရားရှိပါတယ်။ ။
ခင်စမ်းရေ(ရေဦး)
Thursday, January 3, 2013
“အမေ့ဂုဏ်ရည်”
* စကြ၀ဠာဒီဇိုင်းရေးဖို.
လူသားလေးတွေလွှတ်လိုက်တဲ့အမေ
* တစ်နေ.တည်းသင်္ချိုင်းကို မျက်စောင်းသုံးခါထိုး
ချုပ်ရိုးတွေနဲ.အမေ။
ဒဏ်ရာရသူတိုင်း ပေးဆပ်တာမဟုတ်ပေမယ့်
အမေ့ဒဏ်ရာတွေကတော့ ပေးဆပ်ခြင်းသက်သက်ပါအမေ။
* စကားမပြောတတ်ခင်ကလည်း ရှုမဝ
စကားပြောတတ်တော့လည်း ရှုမဝ
လမ်းမလျှောက်တတ်ခင်ကလည်း ရှုမငြီး
လမ်းလျှောက်တတ်ပြီးတော့လည်း ရှုမငြီး။
စကားသင်တဲ့ဘာသာပြဆရာအမေ
လမ်းလျှောက်သင်တဲ့ကာယဆရာအမေ။
သားမူလတန်းမှာ အမေမူလတန်းပြဆရာအမေ
သားအလယ်တန်းမှာ အမေအလယ်တန်းပြဆရာမ
သားအထက်တန်းမှာ အမေအထက်တန်းပြဆရာမ
သားအဝေးသင်ရောက်တော့
အမေနားမလည်နိုင်တဲ့စာတွေကို ငေးကြည့်
“အမေက ပညာအမွေပေးတယ်ဆိုပေမယ့်
ကိုယ်လုပ်မှ ကိုယ်ရမှာ ကြိုးစားလို.
ရိုးရိုးကြီးပြောချလိုက်တဲ့အမေ။
* လေးပါးမြောက်ပူဇော်ရာအဖြစ်
မြတ်ဘုရားရှင်ရဲ. ဂုဏ်ပြုခြင်းကို ခံရပြီး
သာသနာတော်ကို ပူဇော်ခွင့်ရတဲ့အမေ
သားတို.မောင်နှမကို ဘာသာရေးနဲ.
“ ဘ၀နေနည်း”သင်ပေးပို.ချတဲ့အမေ။
ကံကပစ်ချလိုက်တဲ့
ဘ၀ကိုယ်စီမှာ...ကို
ညီညာအောင်ပြန်စီပေးတဲ့အမေ။
* အသည်းနုတဲ့မိန်းမသားတွေ ကျားလိုရဲတော့
လောကဓံကြားမှာ ရုန်းကန်
ရဲလည်းရဲတဲ့ မုဆိုးမအမေ။
တစ်ပင်လဲမူ တစ်ပင်မထူပဲ
သားတို.ဘ၀မှာ အဖေနှစ်ယောက်ဖြစ်မှာ
ကြောက်ပေးရှာတဲ့ အမေ။
သမ္မာအာဇီဝနဲ. ၀မ်းဝခါးလှစေတဲ့အပြင်
ဘ၀ပါလှစေတဲ့အမေ။
* ကုန်သည်ဘ၀နဲ. လူတန်းစေ့တဲ့အပြင်
အလှူအတန်းဟေ့ဆိုလျှင် လက်မနှေးတဲ့အမေ။
နှမငယ် သီလရှင်ဝတ်တော့လည်း
သာသနာ့ဘောင်မှာ ဘွဲ.တွေရအောင်
လှူဒါန်းထောက်ပံ့ပေးတဲ့အမေ။
* ကျွန်တော့ဘ၀အဆိုးဆုံးအမှောင်ကာလများမှာ
စိတ်ဖိစီးမှုကိုခံရတိုင်း
အမေ့ပုံရိပ်ကို မျှော်မှန်းတွေးမြင်လိုက်လျှင်
လင်းလက်တောက်ပတဲ့ ကောင်းကွက်များကို
အလိုလိုသတိရပြီး
ပုံမှန်အပျော်စိတ်တွေ ပြန်ဝင်လာပါတယ်။
အမေကကျွန်တော်ရဲ.ထာဝရ“အား”ပါပဲ။
မိန်းမတွေအားနည်းပေမယ့်
အမေတွေအားများတယ်ဆိုတာ
ကျွန်တော်နားလည်ရပါပြီအမေ။
* အမေ့ရင်အုပ်မှခွါ အိမ်သစ်ရှာတော့လည်း
မြေးချစ်တွေကို လာကြည့်ရင်း
မေတ္တာငွေ.တွေပေးသွားတဲ့အမေ
“ သားတို.အပေါ် အမေက ခုထိပေးဆပ်နေတုန်းပဲနော်”ဆိုတော့
အမေက ပီတိဖုံးတဲ့ အပြုံးလဲ့လဲ့စိုရင်း...
“ သားကိုယ်တိုင်ပဲ
စာကြိုးစားခြင်းနဲ. အမေ့ကို ပေးဆပ်ခဲ့တာ
အလုပ်ကြိုးစားခြင်းနဲ. နိုင်ငံတော်ကို ပေးဆပ်ခဲ့တာ
မျှဝေကူညီခြင်းနဲ. ဆုံရာဝန်းကျင်ကို ပေးဆပ်ခဲ့တာ
ကဗျာရေးဖွဲ.ခြင်းနဲ. လောကကို ပေးဆပ်ခဲ့တာ
ကဗျာရေးနေတာဟာ အမေသဘောအကျဆုံး
“သားဂုဏ်ရည်ပါ”တဲ့။
* သြော်..အမေ..အမေ
ပြောမှပြောတတ်ပေတယ်လို.
အံ့သြပြီးပြီးချင်းမှာပဲ
အမေပဲလေ...ပြောတတ်ပေမယ်ပေါ့...လို.
စိတ်လက်အုပ်ချီရင်းက
အမေ့ကို ပိုသိလာတယ်။
အဲဒီအခိုက်အတန်.လေးက
မေတ္တာတေးသံရှင်အမေ့ကို
မမြင်ဖူးသလို ငေးကြည့်နေမိရဲ.
“ အမေ.. အမေ”သက်တော်ရာကျော်ရှည်ပါစေ။
အမေအားထုတ်နေကျဘာဝနာတရား
ပွါးများနိုင်ပါစေ။
(က မ္ဘာရွာနေအမေအားလုံးသို.)
ခင်စမ်းရေ(ရေဦး)
- ၁၂.၁၂.၀၉-
လူသားလေးတွေလွှတ်လိုက်တဲ့အမေ
* တစ်နေ.တည်းသင်္ချိုင်းကို မျက်စောင်းသုံးခါထိုး
ချုပ်ရိုးတွေနဲ.အမေ။
ဒဏ်ရာရသူတိုင်း ပေးဆပ်တာမဟုတ်ပေမယ့်
အမေ့ဒဏ်ရာတွေကတော့ ပေးဆပ်ခြင်းသက်သက်ပါအမေ။
* စကားမပြောတတ်ခင်ကလည်း ရှုမဝ
စကားပြောတတ်တော့လည်း ရှုမဝ
လမ်းမလျှောက်တတ်ခင်ကလည်း ရှုမငြီး
လမ်းလျှောက်တတ်ပြီးတော့လည်း ရှုမငြီး။
စကားသင်တဲ့ဘာသာပြဆရာအမေ
လမ်းလျှောက်သင်တဲ့ကာယဆရာအမေ။
သားမူလတန်းမှာ အမေမူလတန်းပြဆရာအမေ
သားအလယ်တန်းမှာ အမေအလယ်တန်းပြဆရာမ
သားအထက်တန်းမှာ အမေအထက်တန်းပြဆရာမ
သားအဝေးသင်ရောက်တော့
အမေနားမလည်နိုင်တဲ့စာတွေကို ငေးကြည့်
“အမေက ပညာအမွေပေးတယ်ဆိုပေမယ့်
ကိုယ်လုပ်မှ ကိုယ်ရမှာ ကြိုးစားလို.
ရိုးရိုးကြီးပြောချလိုက်တဲ့အမေ။
* လေးပါးမြောက်ပူဇော်ရာအဖြစ်
မြတ်ဘုရားရှင်ရဲ. ဂုဏ်ပြုခြင်းကို ခံရပြီး
သာသနာတော်ကို ပူဇော်ခွင့်ရတဲ့အမေ
သားတို.မောင်နှမကို ဘာသာရေးနဲ.
“ ဘ၀နေနည်း”သင်ပေးပို.ချတဲ့အမေ။
ကံကပစ်ချလိုက်တဲ့
ဘ၀ကိုယ်စီမှာ...ကို
ညီညာအောင်ပြန်စီပေးတဲ့အမေ။
* အသည်းနုတဲ့မိန်းမသားတွေ ကျားလိုရဲတော့
လောကဓံကြားမှာ ရုန်းကန်
ရဲလည်းရဲတဲ့ မုဆိုးမအမေ။
တစ်ပင်လဲမူ တစ်ပင်မထူပဲ
သားတို.ဘ၀မှာ အဖေနှစ်ယောက်ဖြစ်မှာ
ကြောက်ပေးရှာတဲ့ အမေ။
သမ္မာအာဇီဝနဲ. ၀မ်းဝခါးလှစေတဲ့အပြင်
ဘ၀ပါလှစေတဲ့အမေ။
* ကုန်သည်ဘ၀နဲ. လူတန်းစေ့တဲ့အပြင်
အလှူအတန်းဟေ့ဆိုလျှင် လက်မနှေးတဲ့အမေ။
နှမငယ် သီလရှင်ဝတ်တော့လည်း
သာသနာ့ဘောင်မှာ ဘွဲ.တွေရအောင်
လှူဒါန်းထောက်ပံ့ပေးတဲ့အမေ။
* ကျွန်တော့ဘ၀အဆိုးဆုံးအမှောင်ကာလများမှာ
စိတ်ဖိစီးမှုကိုခံရတိုင်း
အမေ့ပုံရိပ်ကို မျှော်မှန်းတွေးမြင်လိုက်လျှင်
လင်းလက်တောက်ပတဲ့ ကောင်းကွက်များကို
အလိုလိုသတိရပြီး
ပုံမှန်အပျော်စိတ်တွေ ပြန်ဝင်လာပါတယ်။
အမေကကျွန်တော်ရဲ.ထာဝရ“အား”ပါပဲ။
မိန်းမတွေအားနည်းပေမယ့်
အမေတွေအားများတယ်ဆိုတာ
ကျွန်တော်နားလည်ရပါပြီအမေ။
* အမေ့ရင်အုပ်မှခွါ အိမ်သစ်ရှာတော့လည်း
မြေးချစ်တွေကို လာကြည့်ရင်း
မေတ္တာငွေ.တွေပေးသွားတဲ့အမေ
“ သားတို.အပေါ် အမေက ခုထိပေးဆပ်နေတုန်းပဲနော်”ဆိုတော့
အမေက ပီတိဖုံးတဲ့ အပြုံးလဲ့လဲ့စိုရင်း...
“ သားကိုယ်တိုင်ပဲ
စာကြိုးစားခြင်းနဲ. အမေ့ကို ပေးဆပ်ခဲ့တာ
အလုပ်ကြိုးစားခြင်းနဲ. နိုင်ငံတော်ကို ပေးဆပ်ခဲ့တာ
မျှဝေကူညီခြင်းနဲ. ဆုံရာဝန်းကျင်ကို ပေးဆပ်ခဲ့တာ
ကဗျာရေးဖွဲ.ခြင်းနဲ. လောကကို ပေးဆပ်ခဲ့တာ
ကဗျာရေးနေတာဟာ အမေသဘောအကျဆုံး
“သားဂုဏ်ရည်ပါ”တဲ့။
* သြော်..အမေ..အမေ
ပြောမှပြောတတ်ပေတယ်လို.
အံ့သြပြီးပြီးချင်းမှာပဲ
အမေပဲလေ...ပြောတတ်ပေမယ်ပေါ့...လို.
စိတ်လက်အုပ်ချီရင်းက
အမေ့ကို ပိုသိလာတယ်။
အဲဒီအခိုက်အတန်.လေးက
မေတ္တာတေးသံရှင်အမေ့ကို
မမြင်ဖူးသလို ငေးကြည့်နေမိရဲ.
“ အမေ.. အမေ”သက်တော်ရာကျော်ရှည်ပါစေ။
အမေအားထုတ်နေကျဘာဝနာတရား
ပွါးများနိုင်ပါစေ။
(က မ္ဘာရွာနေအမေအားလုံးသို.)
ခင်စမ်းရေ(ရေဦး)
- ၁၂.၁၂.၀၉-
“ငြိမ်းချမ်းရေးခရီးရှည်”(ဒေါ်စုသို.)
* သူက ကိုယ်ရေးဆန္ဒတွေကို ထိန်းချုပ်ထားတယ်။
သူက အချစ်သစ်ပင်မစိုက်ဘူး။
ငြိမ်းချမ်းရေးသစ်ပင်ပဲ စိုက်တယ်။
ဒါကြောင့် သူပါဝင်တာ...
ဒါကြောင့် သူလှုပ်ရှားတာ...
ဒါကြောင့် သူအနစ်နာခံတာ...
သူက ပြည်သူတွေနား ငြိမ်းချမ်းရေးပန်းစည်းကို ပေးဆက်ချင်တာ။
* ငြိမ်းချမ်းရေးဆိုတာ တို.ထိရုံနဲ. ပေါ်မလာဘူး။
ခဏလေးအရုပ်ထင်ပြတဲ့ တစ်ပွဲစာမဟုတ်ဘူး။
အဆုံးထိငြိမ်းချမ်းမှ ငြိမ်းချမ်းရေးစစ်စစ်ပါ။
မဆုံးသေးသည်အထိ ဖြတ်သန်းရင်း
မျှတခြင်းနဲ. နားလည်မှုတွေကို
သူကငြှိ(ညှိ)ဆောင်ပေးနိုင်ခဲ့ပြီ။
ဒါပေမယ့် ငြိမ်းချမ်းရေးခရီးက အရှည်ကြီးရှိသေးတယ်။
သူက ပြည်သူနဲ.အတူ မြစ်တစ်စင်းကို ဖြတ်ကျော်နေတာ
မေတ္တာလှော်တက်ကို ကိုင်ပြီး.........
.........
.........ခင်စမ်းရေ(ရေဦး)
သူက အချစ်သစ်ပင်မစိုက်ဘူး။
ငြိမ်းချမ်းရေးသစ်ပင်ပဲ စိုက်တယ်။
ဒါကြောင့် သူပါဝင်တာ...
ဒါကြောင့် သူလှုပ်ရှားတာ...
ဒါကြောင့် သူအနစ်နာခံတာ...
သူက ပြည်သူတွေနား ငြိမ်းချမ်းရေးပန်းစည်းကို ပေးဆက်ချင်တာ။
* ငြိမ်းချမ်းရေးဆိုတာ တို.ထိရုံနဲ. ပေါ်မလာဘူး။
ခဏလေးအရုပ်ထင်ပြတဲ့ တစ်ပွဲစာမဟုတ်ဘူး။
အဆုံးထိငြိမ်းချမ်းမှ ငြိမ်းချမ်းရေးစစ်စစ်ပါ။
မဆုံးသေးသည်အထိ ဖြတ်သန်းရင်း
မျှတခြင်းနဲ. နားလည်မှုတွေကို
သူကငြှိ(ညှိ)ဆောင်ပေးနိုင်ခဲ့ပြီ။
ဒါပေမယ့် ငြိမ်းချမ်းရေးခရီးက အရှည်ကြီးရှိသေးတယ်။
သူက ပြည်သူနဲ.အတူ မြစ်တစ်စင်းကို ဖြတ်ကျော်နေတာ
မေတ္တာလှော်တက်ကို ကိုင်ပြီး.........
.........
.........ခင်စမ်းရေ(ရေဦး)
Subscribe to:
Posts (Atom)