-အခန်း(၁)-
* ရာဇာတ်ကိုချစ်ခင်၊ နေ.စဉ်ဝင်ထွက်
နှုတ်ဆက်တတ်တဲ့ဝါသနာ
သည်ဝါသနာကြောင့်ပဲ
စာချစ်သူချင်းရင်းနှီးခွင့်ရခဲ့ကြတယ်နော်။
* ကျွန်တော်ဟာ...
တစ်ခါတစ်ခေါက်မျှပင်
သစ္စာဆောင်ရှေ.မရောက်ဖူးပေမယ့်
ခုတော့ လမ်းလျှောက်မင်းသားဘွဲ.ရခဲ့ပါ့။
သစ္စာလမ်းမကပြုံးစစ။
* တက္ကသိုလ်ဆိုထုံးစကားတစ်ခု
“ခင်မင်မှုအစ ကင်တင်းက”တဲ့
ပွင့်တမာအအေး ရွှေရင်အေးလို.
ရွှေမန်းသစ္စာအနွေး ရွှေရင်နွေးလို.
ပန်းကလေးအနား အခစားဝင်
စကားစိမ့်စမ်း မခမ်းစီးဆင်း
ပါလာတွင်းမှ ရင်းနှီးမှုတဆင့်လွန်
သူငယ်ချင်းနယ်ကျွံခါစ
လမ်းလျှောက်ထွက်ကြည့်ကြမယ်ပါ့။
(သစ္စာလမ်းတလျှောက်++တောင်ဘက်သွားတဲ့အခါ++
လယ်ကွင်းပြင်နဲ.++တောင်တန်းပြာပြာ++)
ဖွဖွဆိုတေး ပါဖောင်းမဲ့လေးနဲ.
စုံတွဲသစ်လေးကွဲ.။
+(ဖ၀ါးတူယှဉ် ခရီးနှင်စဉ်
ဘ၀င်ဆွတ်နူး စိတ်ကူးရောင်စုံ
ဖူးပွင့်ငုံလို.
ကျွန်းမြဘုံ၏ ရွှေနေ.များ
အချစ်အားနဲ. တခမ်းတနားကျင်းပ
ချစ်ကြသူတို.ရဲ. ဂန္တ၀င်ချစ်ရက်တွေရယ်။)+
* ကျောင်းနေဖော်မှ၊ ခရီးဖော်ထိ
မျှော်ကြည့်စိတ်ကူး၊ နာဂတ်ဦးပြင်
သက်မှုးခင်၏
လှမ်းပြင်ကြွရွ ဆင်းရူပနှင့်
လသွင်မြရွှန်း လဲ့မျက်ဝန်းဆီ
ဝေ့၀ဲသီမိ...
မွှေးကြည်သင်းပျံ. ကိုယ်သင်းနံ.နှင့်
ရှင်းသန်.ကြည်လင် သံချိုလွင်ကို
နားဆင်ရင်းနှီး ရင်အသည်းခုန်
ခင်ပြီးရုံနဲ. မဖြစ်တော့ဘူးမေ။
* ရင်မှာပွင့်ပန်း မျက်ဝန်းလှမ်းမြင်
ရင်မှာမွှေးကြူ မျက်ဝန်းကူသင်း
အောင်သွယ်နှင်းသမျှ
ချက်ချင်းမေသိပါစေကွယ်။
အကြင်နာ အကြိုက်ပေးမယ့်
အင်ဒါရိုက်လေး
ဝေဒနာပိုက် မဆွေးပါရစေနဲ.မေ။
* ရင်ခုန်သံပစ္စည်း သိမ်းဆည်းပိုက်ထွေး
ဝေဒနာလေးတွေ မွှေးဝေပွင့်ဖူး
သည်းဦးမွန်သစ် အချစ်ပန်းမြတ်
ပန်တတ်ခြင်း မပန်တတ်ခြင်း
မေအငြင်းမပွါး ကဗျာစကားလေးကိုပဲ
နှလုံးသားထိယူ ကြည်ဖြူပါသတဲ့လေ။
- အခန်း(၂) -
* “တနင်္ဂနွေဟာအလှပဆုံး
ရုပ်ရှင်ကြည့်မဖြုန်းတတ်
အသုံးချပညာရှာဖွေရေးအတွက်
ဒေါက်တာသန်းထွန်းရဲ. ကွန်သာယာဆွေးနွေးပွဲ
အမြဲတက်တတ်တဲ့ အတွဲနှစ်တွဲမှာ
ဦးလှနဲ. ဒေါ်အမာ
ကိုယ်တို.နှစ်ယောက်ရယ်လေ။
* ရာစုက အင်းလျား၊ မာစုကရေနီမြောင်း
ချစ်ဟောင်းချစ်သစ် ပုံပြင်ဟောင်းပုံပြင်သစ်
ဖြစ်မြဲဖြစ်ဆဲ၊ တွဲကြစွဲကြ
သဲကြမဲကြ၊ ခွဲကြလွဲကြ
အတွဲများထဲ....
မြဲပါရစေကြောင်း ကိုယ်ဆုတောင်းမိ
ဒါပေမယ့်... မေ့အပြောက တမျိုး
ဖေ့သဘောကတစ်မျိုး
“ရေနီတယ်ဆိုတာ မကြည်တာပဲ
ရေနီမြောင်းဟာ မကောင်းနိမိတ်
အတိတ်မလှ စိတ်ကမပါ
မိန်းသာပြန်လှဲ. လာကွယ့်ကိုကို”တဲ့
မကြည်လွဲမှာ တကယ်ပဲစိုး
တန်ဖိုးထားတဲ့အချစ်ဘွဲ.လေး
မှန်ရဲ.မှန်ရဲ.မေ့စကား
သည်းကြားစွဲခို နားချိုပျော်ဝင်
ပိုချစ်ခင်မိတယ်မေရယ်။
* တခြားတခြားသမီးရည်းစားတွေမှာ
ပြောလေမ၀ မ၀လေပြော
မမောနိုင်ဘွယ် တောအလယ်
သဘောကြွယ်ထက်...
ဝါသနာတူ စာချစ်သူတွေမို.
ပြိုင်သူရှုံးစတမ်း
ရည်းစားစကား စာတန်းရှည်ကြီးမှာ
တလှေကြီးပ ဒဿနတွေ
ဆွေးနွေးခဲ့၊ ငြင်းခုန်ခဲ့
ပျော်ပွဲဖွဲ.ခဲ.ကြတယ်နော်။
တစ်ခုတော့ရှိရဲ...ချစ်တဲ့မေရယ်မို.
စာပေအယူအဆနဲ.ပတ်သတ်လို.များ
တစ်ရွေးသားမလျော့
ငေါ့တော့တော့အပြောနဲ. ချော့မလားစမ်း
အဟမ်းတောင်မလုပ်ခဲ့မိတော့
ရိတိတိပြီတီတီနဲ.
“ဒီမှာကိုကို မိန်းမဆိုတာ
ပညာတတ်တတ် မတတ်တတ်
ချစ်တတ်လွန်းသူတို.သဘော
ချစ်သူပြောရာအမှန်ပါပဲ
ချစ်တာကိုးကိုကိုရဲ.
မာနမဲ့အချစ်လေ..တဲ့။”
ချစ်သူတို.ရဲ.
အကြင်နာ အတွယ်တာနဲ.
အညှာတာ စေတနာတို.ဟာ
ချစ်ခြင်းကို ပိုမိုခိုင်မြဲစေတတ်ကြောင်း
မိန်းခေါင်းလောင်းဘေးက ခရေပင်ဝိုင်းလေးသိပါတယ်။
ချစ်သူတို.ရဲ.
သ၀န်တိုခြင်းနဲ. စိတ်ကောက်တတ်ခြင်းဟာ
ချစ်ခြင်းကိုအလိုလိုယိုင်လဲစေတတ်ကြောင်း
သစ္စာလမ်းဘေးက တမာပင်လေးတွေသိပါတယ်။
-အခန်း(၃)-
* ချစ်သူတွေလျှောက်ကြတဲ့လမ်း
ဆင်ဖြူကန်ကိုပဲ ဖြတ်သန်းသန်း
ပန်းရနံ.တွေမွှေးနေတယ်။
ဆင်ဖြူကန်လမ်းဖြတ်လို.လျှောက်
ဘုရားကြီးဘက်ရောက်တဲ့အခါ
ဂေါတမဗုဒ္ဓဆိုတဲ့ မဟာလူသားရဲ. သာသနာပြုသမိုင်း
ယဉ်ကျေးမှုလှိုင်း လူတိုင်းထံစီးဆင်းလို.
ကံသုံးပါးယဉ်ကျေးမှု က မ္ဘာပြုတရား
ငါးပါးသီလလဲ က မ္ဘာပြုတရားဆိုတော့
ကြာလှယှက်ငုံ နှစ်သွယ်စုံပူး
ပြောင်ပုံချစ်စနိုး၊ ရှစ်ခိုးသူစ
မှန်ပလှောင်ဆိုမကဲပိုလေး။
* သမိုင်းပြတိုက် မေသည်းလိုက်ပုံ
စိုက်ကြည့်ပန်းပု၊ အသံမပြုကြာ
စုဖုရားမောင်နှံရဲ.၊ ဗဟုသုတများ
ပြောမလားမေး၊“ဟေ့အေးမြင်လား
နားရွက်ဖျားမှာ၊ ရတီများများနဲ. စိန်နားကပ်ကြီးတွေ
မေလည်းပန်ချင်လိုက်တာ”တဲ့။
* ဘုရားနယ်မြေ၊ ကြွယ်နေစကား
လျှောက်သွားနယ်လှည့်၊ သွယ်ဖွဲ.တိုးတိုး
ကြေးရုပ်ဆိုးကြည့်၊ ချက်ထိခေါင်းထိ
ခြင်္သေ့ကြည့်ပြီး၊ ခေတ်၏ကြောင်းရာ
ဘိုးတော်မာယာနဲ.၊ မဟာပူရအမရနိုင်ငံ
ကိုယ်ဝေဖန်သမျှ မေထောက်ခံပြခဲ့။
-အခန်း(၄)-
* တက္ကသိုလ်ဘုန်းနိုင်ရဲ. လူ.အကြောင်းပြောပြရာဝယ်
ဆရာဇော်ဂျီရဲ. ရသစာပေ
မောင်သာရရဲ. လူထဲက၀တ္ထု၊ ၀တ္ထုထဲကလူ
ဗိုလ်မှုးဗကိုရဲ. မြို.မငြိမ်း
ဒါတွေ..ဒါတွေဟာ....
လေးနှစ်တာခရီးအတွင်းက
တစ်ခုခြင်းအမှတ်တရတွေဆိုတော့
“ကိုကိုဘ၀မှာ မေဆိုတာကော
လေးနှစ်တာအတွင်းက
အပျင်းပြေအရုပ်ကလေးများလား”လို.
ခနဲ.တတ်တဲ့မေ။
ကိုကိုသာလေ အရုပ်ကလေးမဖြစ်ပါရစေနဲ.မေ။
* စာကြည့်လိုစိတ်ကလေးဟာ
စာကြည့်ရက်များအတွင်းမှာ
နှစ်လိုကြည်ဖြူစွာခိုဝင်
ချစ်သူနှစ်ဦး တိုင်တိုင်ပင်ပင်
ဗောဓိကုန်းခရေပင်အောက်မှာ
လဘက်ရည်သောက်ရင်း စာကြည့်ခဲ့ကြတယ်။
ပထ၀ီဌာနနောက်ဘေးနဲ.
ပါဠိဌာနက ကတ်တဲရယ်
အင်းဝဆောင်က အခန်းတွေရယ်
စာကြည့်တယ်ဆိုတာ သူတို.သိပါတယ်။
ဘာကြည့်တယ်ဆိုတာလည်း သူတို.သိပါတယ်။
-အခန်း(၅)-
* အပြုံးအမဲ့၊ အနွဲ.အချွဲ
အချစ်စာမျက်နှာထဲမှာ
သကာခဲတွေတွေ.ပါရဲ.
ဘ၀ထဲမှာကော
မတွေးရဲသူရဲ. ဒီတစ်ခါရင်ခုန်ခြင်းဟာလည်း
အချစ်ကြောင့်ပါပဲကွယ်။
ဂ န္တ၀င်များရဲ. အမှတ်တရနယ်မြေ
ခေတ်ပြိုင်များရဲ. အမှတ်တရနယ်မြေ
မန်းတက္ကသိုလ်မှာ စတင်ခဲ့တဲ့အချစ်
ကိုယ်တို.အချစ်လေး ဆုံဆည်းနိုင်ပါစေ။
* ရေစက်ဖူးစာပဲဆိုဆို
ရာဇာတ်ဖူးစာပဲဆိုဆို
ဝါသနာတူ ဘ၀တူတွေမို.
ဘွဲ.ယူအပြီး
စာပေခရီးကြမ်း လှမ်းကြမယ်ဆို
“ကိုကိုကစာရေးရင်း ရေထမ်းမယ်
မေကစာရေးရင်း ထမင်းချက်
တစ်ယောက်တစ်ဝက်နော်။
နောက်ပြီးတော့
မေက ကလေးထိန်းရင်း စာရေး
ကိုကိုက အနှီးလျှော်ရင်း စာရေးမယ်
တစ်ဝက်ကြေးပဲနော်”ဆိုတော့
“အို...ကိုကိုမပြောနဲ.”တားလျက်က
တစ်ဝက်နှစ်သက်၊ တစ်ဝက်ရှက်နဲ.
မျက်နှာပန်းနု၊ ရှက်ပြုံးစုနေ။
-အခန်း(၆)-
* ပညာရေးနယ်ပယ်က
နိုင်ငံရေးနယ်ပယ်ကို ကူးလို.
အချစ်တက္ကသိုလ်ကျောင်းသားကနေ
အချစ်နိုင်ငံသားဖြစ်လာဖို.
ကိုယ့်အိမ်မက်မျှော်စင်ကို
အစီအစဉ်ရေးဆွဲနေတဲ့အခါ
စာအခက်အခဲ တွဲအတူညှိ
ပါရမီဖြည့်မဲ့ချစ်သူက
လေးနှစ်တာလွန်မြောက် လောကထဲရောက်တော့
ပျောက်ချက်သားကောင်း၊ ရေနီမြောင်းအတိတ်
မကြည်ကြောင်းနိမိတ်လို၊ မေပြောင်းစိတ်ပြင်
တမင်မစေ၊ စာပလွေသိမ်း
သံယောဇဉ်သိမ်းလို.၊ စိမ်းကားသွေခွါ
အတိတ်ရွာမုန်း ဘယ်လိုတုန်းမေ...။
* ချစ်ခြင်းတရား၊ ခမ်းတနားစ
လွမ်းကာလများ၊ မလွမ်းလားမေ
ခရေတမာ၊ မြင်ပါလားမေ
မြင်သာမြင်မိ၊ မတွေးမိဘူး
တွေးကြည့်ဖို.လဲ၊ မေမစွဲဘူး
မစွဲလို.လဲ၊ မမြဲကြဘူး
ဘူး၊ ဘူး၊ ဘူး..တွေ ၊ မဖြေနဲ.နော်
မကြားပျော်ဘူး၊ အဖေါ်ဝေးည
မှေးမရမက်၊ ရှတခါးသက်
လွမ်းအိပ်မက်တွေ၊ နိုးလျက်စိုးလျက်
ခြောက်လှန်.လျက်နေ၊ သွေကွက်ရခြင်း
ရှင်းစာတစ်လုံး၊ မေသီကုံးပို.
“အမုန်းမပါ အသပြာကိစ္စ”တဲ့
ရှင်းလှချည့်လား ပြတ်တဲ့မေ။
* “ကိုကို.ကို ယုံတယ်၊ မေ့ကို ယုံပါ”တဲ့လားကွယ်
ကိုယ်မသိအောင် သရုပ်ဆောင်ကောင်းသူကြီးရယ်
မပေါင်းရတဲ့အချစ်ရဲ.၊ လေးနှစ်တာအတွင်းက
အပျင်းပြေအရုပ်လေးဟာ ကိုယ်ပါလားမေ။ ။
-ခင်စမ်းရေ(ရေဦး)-
(၅.၅.၁၉၈၈)
Thursday, February 7, 2013
Wednesday, February 6, 2013
“ရာသက်ပန်”
“ရာသက်ပန်”
*“ လှသွေးစိုလွင် နှမလေးပျိုခင်
တန်းညိုရွာတွင် အလှဆုံး..”
မောင်ကြီးအသံကြားနေတုန်း
ထပ်ပြီးပြောပါဦး။
* သူကြီးသမီး မရွှေသီး
ကြေးကြီးခေါ်ပြ တခါက
ရွှေအစိတ်သား ဘဏ်ထိပ်နွား
လယ်များတင်မှ ကြိုက်မယ်ပါ့။
* ပြိုင်ဘက်သူ.လို ကြေးမဆို
အချစ်ပိုက တော်ပြီပါ့
လယ်မတင်လဲ မောင့်လက်ထဲ
ဓားဆွဲတောခုတ်လုပ်မှာပါ့။
မောင့်မိဘဥစ္စာမလိုပါ
မောင့်သာအားကိုးချင်တဲ့ကျွန်မ။
*“ပန်းစကားဆို ပျားစကားချို
စွမ်းအားသစ်ပိုတဲ့ ချစ်သူ
နေသေးသပ ချို(ဂျို)သွေးလှ
မအိုသေးသမျှ ရှာမယ်ဗျ
ဟိုသူဌေးမ ရွှေသီးလို
ပျိုလေးအလှ ပန်းအိမ်ကို
စိန်သီးစေမယ် ရွှေသီးစေမယ်
မောင်ကြီးတာဝန်လေလေ့ တာဝန်လေဗျ”။
* မောင့်ဂတိစကား နားဝယ်ကြား
သည်းကြားထိဝင် စွဲသွားမိသရှင်
ကိုရွှေလင် ပိုသရှင်
မစားခင် ၀သရှင်
မရခင်မို.ဆိုသလေတော့..
နောက်တစ်ခုလိုသေး ပျို.ရင်မအေး
ပျိုလေးမှလွဲ မချစ်ပဲ
ရိုးမြေကြစွဲ တစ်ယောက်ထဲ
တွဲပါလေလေ့ တွဲပါလေတော့။
* “မြန်မာဆန်ဆန် ရာသက်ပန်ဗျ
မှန်မှန်ကန်ကန် တာဝန်ခံပါ့
သတိုးဆွေအလှ ရိုးမြေကျ
အဖိုးအိုဘ၀ထိ ချစ်မယ်လေဗျ”။
* စိမ်တကယ်နော် အဖျားမရှူးစတမ်း
ကျိန်မယ်နော် ဘုရားစူး...
ကျွန်မတစ်ဦး ပန်းအိမ်တစ်ဦး
ချစ်ဦးကျွန်မချစ်နှေင်းကျွန်မ။
*“.............
.............
ပေါင်းပါ့မယ်ဗျ ပေါင်းမယ်ဗျ” ။ ။
-- ခင်စမ်းရေ--
(၈.၄.၁၉၈၅)
*“ လှသွေးစိုလွင် နှမလေးပျိုခင်
တန်းညိုရွာတွင် အလှဆုံး..”
မောင်ကြီးအသံကြားနေတုန်း
ထပ်ပြီးပြောပါဦး။
* သူကြီးသမီး မရွှေသီး
ကြေးကြီးခေါ်ပြ တခါက
ရွှေအစိတ်သား ဘဏ်ထိပ်နွား
လယ်များတင်မှ ကြိုက်မယ်ပါ့။
* ပြိုင်ဘက်သူ.လို ကြေးမဆို
အချစ်ပိုက တော်ပြီပါ့
လယ်မတင်လဲ မောင့်လက်ထဲ
ဓားဆွဲတောခုတ်လုပ်မှာပါ့။
မောင့်မိဘဥစ္စာမလိုပါ
မောင့်သာအားကိုးချင်တဲ့ကျွန်မ။
*“ပန်းစကားဆို ပျားစကားချို
စွမ်းအားသစ်ပိုတဲ့ ချစ်သူ
နေသေးသပ ချို(ဂျို)သွေးလှ
မအိုသေးသမျှ ရှာမယ်ဗျ
ဟိုသူဌေးမ ရွှေသီးလို
ပျိုလေးအလှ ပန်းအိမ်ကို
စိန်သီးစေမယ် ရွှေသီးစေမယ်
မောင်ကြီးတာဝန်လေလေ့ တာဝန်လေဗျ”။
* မောင့်ဂတိစကား နားဝယ်ကြား
သည်းကြားထိဝင် စွဲသွားမိသရှင်
ကိုရွှေလင် ပိုသရှင်
မစားခင် ၀သရှင်
မရခင်မို.ဆိုသလေတော့..
နောက်တစ်ခုလိုသေး ပျို.ရင်မအေး
ပျိုလေးမှလွဲ မချစ်ပဲ
ရိုးမြေကြစွဲ တစ်ယောက်ထဲ
တွဲပါလေလေ့ တွဲပါလေတော့။
* “မြန်မာဆန်ဆန် ရာသက်ပန်ဗျ
မှန်မှန်ကန်ကန် တာဝန်ခံပါ့
သတိုးဆွေအလှ ရိုးမြေကျ
အဖိုးအိုဘ၀ထိ ချစ်မယ်လေဗျ”။
* စိမ်တကယ်နော် အဖျားမရှူးစတမ်း
ကျိန်မယ်နော် ဘုရားစူး...
ကျွန်မတစ်ဦး ပန်းအိမ်တစ်ဦး
ချစ်ဦးကျွန်မချစ်နှေင်းကျွန်မ။
*“.............
.............
ပေါင်းပါ့မယ်ဗျ ပေါင်းမယ်ဗျ” ။ ။
-- ခင်စမ်းရေ--
(၈.၄.၁၉၈၅)
“အဆောင်ရှေ.က သီချင်းသည်”
“အဆောင်ရှေ.က သီချင်းသည်”
* အသံကြားရုံနဲ.
နှလုံးသားကို ဖမ်းစားနေ။
* မြင်တွေ.ဖူးရင်ဖြင့်
ခင်မေ့မူးမယ်ထင်ပါရဲ.
ဖူးစာရှင်ရေ။
* သူ.မျက်နှာမြင်လိုလှပေမယ့်
ကိုယ့်မျက်နှာမမြင်ရအောင်လို.
အမှောင်ချတိတ်တိတ်နေ
အရိပ်စေမေတို.မြူး။
* တက္ကသိုလ်ငွေလမင်းရယ်က
ဘယ်ကျွန်းသာဘယ်မှာအိပ်
မှောင်ရိပ်ဖယ်ကာချွေပါ့
ဂီတာဆွေရှင်တစ်ယောက်ကလည်း
ပင်အောက်ခိုဆိုမနေနဲ.
ပျိုမေတွေမြင်ကွင်းလက်အောင်
လင်းထွက်လာဦး။ ။
ခင်စမ်းရေ
(၅.၂.၁၉၈၈)
* အသံကြားရုံနဲ.
နှလုံးသားကို ဖမ်းစားနေ။
* မြင်တွေ.ဖူးရင်ဖြင့်
ခင်မေ့မူးမယ်ထင်ပါရဲ.
ဖူးစာရှင်ရေ။
* သူ.မျက်နှာမြင်လိုလှပေမယ့်
ကိုယ့်မျက်နှာမမြင်ရအောင်လို.
အမှောင်ချတိတ်တိတ်နေ
အရိပ်စေမေတို.မြူး။
* တက္ကသိုလ်ငွေလမင်းရယ်က
ဘယ်ကျွန်းသာဘယ်မှာအိပ်
မှောင်ရိပ်ဖယ်ကာချွေပါ့
ဂီတာဆွေရှင်တစ်ယောက်ကလည်း
ပင်အောက်ခိုဆိုမနေနဲ.
ပျိုမေတွေမြင်ကွင်းလက်အောင်
လင်းထွက်လာဦး။ ။
ခင်စမ်းရေ
(၅.၂.၁၉၈၈)
**သွားနှင့်လေဦး**
**သွားနှင့်လေဦး**
* အဆုံးအစမရှိတဲ့ သံသရာထဲ
ခင်ဗျားခြေတစ်လှမ်းတိုး
ဓာတ်ကြီးလေးပါး အစပျိုးသစ်သွား
ကျန်ရစ်သူတို.
ပူဆွေးလို. မဆုံးတဲ့နိုင်
သေခြင်းကို အပြိုင်လှမ်းနေကြတာကို
သိတော့သိသားနော်
တူပြိုင်မဟုတ်(ဟုတ်)တော့
အကြောက်တရားနည်းတယ်။
စွဲမိတွယ်ကပ်
ဓာတ်ကြီးလေးသွယ်
ဖြစ်ပျက်နယ်ထဲ
ကျင်လည်ရှင်သန် အမှားစံဖို.
ကျန်ရစ်ဦးမယ် သွားနှင့်ပါ။ ။
(ဆင်ပေါင်ဝဲအေးကြူ သို.)
ခင်စမ်းရေ
(၂၀၀၀)
* အဆုံးအစမရှိတဲ့ သံသရာထဲ
ခင်ဗျားခြေတစ်လှမ်းတိုး
ဓာတ်ကြီးလေးပါး အစပျိုးသစ်သွား
ကျန်ရစ်သူတို.
ပူဆွေးလို. မဆုံးတဲ့နိုင်
သေခြင်းကို အပြိုင်လှမ်းနေကြတာကို
သိတော့သိသားနော်
တူပြိုင်မဟုတ်(ဟုတ်)တော့
အကြောက်တရားနည်းတယ်။
စွဲမိတွယ်ကပ်
ဓာတ်ကြီးလေးသွယ်
ဖြစ်ပျက်နယ်ထဲ
ကျင်လည်ရှင်သန် အမှားစံဖို.
ကျန်ရစ်ဦးမယ် သွားနှင့်ပါ။ ။
(ဆင်ပေါင်ဝဲအေးကြူ သို.)
ခင်စမ်းရေ
(၂၀၀၀)
“ကောက်စိုက်သမတွေ အပျင်းပြေ”
“ကောက်စိုက်သမတွေ အပျင်းပြေ”
* တောင်လေငယ်မြူး မိုးရေဦး
**ကောက်စိုက်သမတွေ အပျင်းပြေ**
ထယ်စူးလယ်ပြင် ပျော်ရွှင်စွာ။
ပျိုးခင်းငယ်စိမ်းလူ လက်စားကူရှာမရ
(ဘောက်ခေါင်းမ)နှုတ်ကူပါ။
လုံမေတစ်သင်း လယ်ဆင်းလာ
ကိုယ့်ငန်းတာ ကိုယ်စီရပ်
တန်းမှတ်ညီစွာ။
မိုးရွာခိုက် အားစိုက်ကာ
ကြိုးပါကွဲ. လှုပ်ရှား။
အညာမြေ လယ်အပေါင်းမှာ
မိုးကောင်းအားထား။
* ပန်းသမျှ လန်းအောင်ကို
ကောက်စိုက်သင်း သီချင်းလုံးလို.
ရွှင်ပြုံးတဲ့ပျို။
တစ်တောလုံး ဖုံးလွှမ်းအောင်ဆို
မိုးယံကို ဖောက်သွား။
တေးသံကြားနဲ. ကိုဖိုးချို
လယ်ဘက်ကို လာသလား။
လယ်နားချိန် ထမင်းကျွေးမယ်
ပေးကူသနား။
* ထမင်းကျွေး ပေးမကူ
စေတနာစိတ်ရင်းကောင်းနဲ.
ပေါင်းသင်းတတ်သူ။
ငွေနဲ.ငှါးလည်း မရတဲ့သူ
ဤဇမ္ဗူစံရှား။
လေးခင်ပျို မောင့်ကို ခိုင်းရင်
ဝိုင်းလိုက်မယ်ဗျား။
* မလေးခင် ရှက်လို.ငို
အပျိုခေါင်း မကြည်ဋ္ဌေးက
အေးဟဲ့လို.ဆို။
ရှက်စရာ မမြင်သကို
အပျိုကြီးပီသား။
မလေးခင် ခိုင်းလိုက်စမ်းဟဲ့
ပျိုးထမ်းပါ့လား။
* နေနှင့်ဦး ကိုဖိုးချို
လူလည်ခေါင် ရှက်မဆုံးမို.
အမုန်းမိုးယို။
အပြောင်ကြမ်းလို. မျက်နှာညို
ဆိုလိုက်မယ်တအား။
ရှင်လိုလူ ကျောက်ပေါက်ဆိုးကို
ထမီခေါက်မထား။
* ကျောက်ပေါက်မ သက်သက်နဲ.
မဲ့လျက်ပြုံးမလို
ကိုဖိုးချို ပျိုးထမ်းလို.
လှမ်းလာပြီကို။
မကြည်ဌေးက ဆီးလို.ကြို
အမူပို လောကွက်များ။
ဒီလိုဆို“လေးခင်မ”တော့ ဟန်ပါ့မလား။
* စောစောက ချစ်ဒေါသ
ဘယ်ကြွလိမ့် လေးခင်ပျို။
စောစောက အမုန်းမိုး
ဘယ်ချိုးလိမ့် လေးခင်ပျို။
အသည်းကို ကျွဲဝင်ခတ်တော့
မှင်သတ်လို.ချို။
သည်လိုတော့ မနာလို
ပြင်မယ်ဆို ခင့်အမှား
ကိုရင်ချို ညခါရောက်ရင်
တစ်ခေါက်လာပါ့လား။
* ဆက်ဆက်နော် ကိုရင်ချို
ဗိုင်းငင့်ချိန် လဖက်ပွဲနဲ.
အားခဲလို.ကြို။
အမှန်တော့ချစ်သကို
ရုပ်ဆိုတာ အလကား။
ယောက်ျားဂုဏ်ရုပ်မဟုတ်
အလုပ်စွမ်းအား။
* “ပြန်ပေါင်းထုပ်ကျွေးမယ်”
မကြည်ဌေး အလှည့်ကောင်းလို.
ပေါင်းရပြီကွယ်။
ကျုပ်ဝမ်းထဲမယ်
လှည့်နေတယ် ဘုရားပွဲ။
တို.နှစ်ကိုယ် ကစားပြီးတော့
ပျော်ကြီးပျော်နွှဲ။
* ကောက်စိုက်သမတွေ အပျင်းပြေ
ပျော်သဟေ ပျော်မဆုံးတယ်
တေးလုံးတဲ့မေ။
ဟီးဟီဟိ ဟေးဟေ့ဟေ...
ကောင်မတွေ ကြည့်ကြစမ်း
ကိုဖိုးချို ပျိုးထုံးကြီးကို
ယောင်ပြီးဖက်နမ်း။
--ခင်စမ်းရေ--
(၂၈.၉.၁၉၇၉)
* တောင်လေငယ်မြူး မိုးရေဦး
**ကောက်စိုက်သမတွေ အပျင်းပြေ**
ထယ်စူးလယ်ပြင် ပျော်ရွှင်စွာ။
ပျိုးခင်းငယ်စိမ်းလူ လက်စားကူရှာမရ
(ဘောက်ခေါင်းမ)နှုတ်ကူပါ။
လုံမေတစ်သင်း လယ်ဆင်းလာ
ကိုယ့်ငန်းတာ ကိုယ်စီရပ်
တန်းမှတ်ညီစွာ။
မိုးရွာခိုက် အားစိုက်ကာ
ကြိုးပါကွဲ. လှုပ်ရှား။
အညာမြေ လယ်အပေါင်းမှာ
မိုးကောင်းအားထား။
* ပန်းသမျှ လန်းအောင်ကို
ကောက်စိုက်သင်း သီချင်းလုံးလို.
ရွှင်ပြုံးတဲ့ပျို။
တစ်တောလုံး ဖုံးလွှမ်းအောင်ဆို
မိုးယံကို ဖောက်သွား။
တေးသံကြားနဲ. ကိုဖိုးချို
လယ်ဘက်ကို လာသလား။
လယ်နားချိန် ထမင်းကျွေးမယ်
ပေးကူသနား။
* ထမင်းကျွေး ပေးမကူ
စေတနာစိတ်ရင်းကောင်းနဲ.
ပေါင်းသင်းတတ်သူ။
ငွေနဲ.ငှါးလည်း မရတဲ့သူ
ဤဇမ္ဗူစံရှား။
လေးခင်ပျို မောင့်ကို ခိုင်းရင်
ဝိုင်းလိုက်မယ်ဗျား။
* မလေးခင် ရှက်လို.ငို
အပျိုခေါင်း မကြည်ဋ္ဌေးက
အေးဟဲ့လို.ဆို။
ရှက်စရာ မမြင်သကို
အပျိုကြီးပီသား။
မလေးခင် ခိုင်းလိုက်စမ်းဟဲ့
ပျိုးထမ်းပါ့လား။
* နေနှင့်ဦး ကိုဖိုးချို
လူလည်ခေါင် ရှက်မဆုံးမို.
အမုန်းမိုးယို။
အပြောင်ကြမ်းလို. မျက်နှာညို
ဆိုလိုက်မယ်တအား။
ရှင်လိုလူ ကျောက်ပေါက်ဆိုးကို
ထမီခေါက်မထား။
* ကျောက်ပေါက်မ သက်သက်နဲ.
မဲ့လျက်ပြုံးမလို
ကိုဖိုးချို ပျိုးထမ်းလို.
လှမ်းလာပြီကို။
မကြည်ဌေးက ဆီးလို.ကြို
အမူပို လောကွက်များ။
ဒီလိုဆို“လေးခင်မ”တော့ ဟန်ပါ့မလား။
* စောစောက ချစ်ဒေါသ
ဘယ်ကြွလိမ့် လေးခင်ပျို။
စောစောက အမုန်းမိုး
ဘယ်ချိုးလိမ့် လေးခင်ပျို။
အသည်းကို ကျွဲဝင်ခတ်တော့
မှင်သတ်လို.ချို။
သည်လိုတော့ မနာလို
ပြင်မယ်ဆို ခင့်အမှား
ကိုရင်ချို ညခါရောက်ရင်
တစ်ခေါက်လာပါ့လား။
* ဆက်ဆက်နော် ကိုရင်ချို
ဗိုင်းငင့်ချိန် လဖက်ပွဲနဲ.
အားခဲလို.ကြို။
အမှန်တော့ချစ်သကို
ရုပ်ဆိုတာ အလကား။
ယောက်ျားဂုဏ်ရုပ်မဟုတ်
အလုပ်စွမ်းအား။
* “ပြန်ပေါင်းထုပ်ကျွေးမယ်”
မကြည်ဌေး အလှည့်ကောင်းလို.
ပေါင်းရပြီကွယ်။
ကျုပ်ဝမ်းထဲမယ်
လှည့်နေတယ် ဘုရားပွဲ။
တို.နှစ်ကိုယ် ကစားပြီးတော့
ပျော်ကြီးပျော်နွှဲ။
* ကောက်စိုက်သမတွေ အပျင်းပြေ
ပျော်သဟေ ပျော်မဆုံးတယ်
တေးလုံးတဲ့မေ။
ဟီးဟီဟိ ဟေးဟေ့ဟေ...
ကောင်မတွေ ကြည့်ကြစမ်း
ကိုဖိုးချို ပျိုးထုံးကြီးကို
ယောင်ပြီးဖက်နမ်း။
--ခင်စမ်းရေ--
(၂၈.၉.၁၉၇၉)
Subscribe to:
Posts (Atom)