“ကောက်စိုက်သမတွေ အပျင်းပြေ”
* တောင်လေငယ်မြူး မိုးရေဦး
**ကောက်စိုက်သမတွေ အပျင်းပြေ**
ထယ်စူးလယ်ပြင် ပျော်ရွှင်စွာ။
ပျိုးခင်းငယ်စိမ်းလူ လက်စားကူရှာမရ
(ဘောက်ခေါင်းမ)နှုတ်ကူပါ။
လုံမေတစ်သင်း လယ်ဆင်းလာ
ကိုယ့်ငန်းတာ ကိုယ်စီရပ်
တန်းမှတ်ညီစွာ။
မိုးရွာခိုက် အားစိုက်ကာ
ကြိုးပါကွဲ. လှုပ်ရှား။
အညာမြေ လယ်အပေါင်းမှာ
မိုးကောင်းအားထား။
* ပန်းသမျှ လန်းအောင်ကို
ကောက်စိုက်သင်း သီချင်းလုံးလို.
ရွှင်ပြုံးတဲ့ပျို။
တစ်တောလုံး ဖုံးလွှမ်းအောင်ဆို
မိုးယံကို ဖောက်သွား။
တေးသံကြားနဲ. ကိုဖိုးချို
လယ်ဘက်ကို လာသလား။
လယ်နားချိန် ထမင်းကျွေးမယ်
ပေးကူသနား။
* ထမင်းကျွေး ပေးမကူ
စေတနာစိတ်ရင်းကောင်းနဲ.
ပေါင်းသင်းတတ်သူ။
ငွေနဲ.ငှါးလည်း မရတဲ့သူ
ဤဇမ္ဗူစံရှား။
လေးခင်ပျို မောင့်ကို ခိုင်းရင်
ဝိုင်းလိုက်မယ်ဗျား။
* မလေးခင် ရှက်လို.ငို
အပျိုခေါင်း မကြည်ဋ္ဌေးက
အေးဟဲ့လို.ဆို။
ရှက်စရာ မမြင်သကို
အပျိုကြီးပီသား။
မလေးခင် ခိုင်းလိုက်စမ်းဟဲ့
ပျိုးထမ်းပါ့လား။
* နေနှင့်ဦး ကိုဖိုးချို
လူလည်ခေါင် ရှက်မဆုံးမို.
အမုန်းမိုးယို။
အပြောင်ကြမ်းလို. မျက်နှာညို
ဆိုလိုက်မယ်တအား။
ရှင်လိုလူ ကျောက်ပေါက်ဆိုးကို
ထမီခေါက်မထား။
* ကျောက်ပေါက်မ သက်သက်နဲ.
မဲ့လျက်ပြုံးမလို
ကိုဖိုးချို ပျိုးထမ်းလို.
လှမ်းလာပြီကို။
မကြည်ဌေးက ဆီးလို.ကြို
အမူပို လောကွက်များ။
ဒီလိုဆို“လေးခင်မ”တော့ ဟန်ပါ့မလား။
* စောစောက ချစ်ဒေါသ
ဘယ်ကြွလိမ့် လေးခင်ပျို။
စောစောက အမုန်းမိုး
ဘယ်ချိုးလိမ့် လေးခင်ပျို။
အသည်းကို ကျွဲဝင်ခတ်တော့
မှင်သတ်လို.ချို။
သည်လိုတော့ မနာလို
ပြင်မယ်ဆို ခင့်အမှား
ကိုရင်ချို ညခါရောက်ရင်
တစ်ခေါက်လာပါ့လား။
* ဆက်ဆက်နော် ကိုရင်ချို
ဗိုင်းငင့်ချိန် လဖက်ပွဲနဲ.
အားခဲလို.ကြို။
အမှန်တော့ချစ်သကို
ရုပ်ဆိုတာ အလကား။
ယောက်ျားဂုဏ်ရုပ်မဟုတ်
အလုပ်စွမ်းအား။
* “ပြန်ပေါင်းထုပ်ကျွေးမယ်”
မကြည်ဌေး အလှည့်ကောင်းလို.
ပေါင်းရပြီကွယ်။
ကျုပ်ဝမ်းထဲမယ်
လှည့်နေတယ် ဘုရားပွဲ။
တို.နှစ်ကိုယ် ကစားပြီးတော့
ပျော်ကြီးပျော်နွှဲ။
* ကောက်စိုက်သမတွေ အပျင်းပြေ
ပျော်သဟေ ပျော်မဆုံးတယ်
တေးလုံးတဲ့မေ။
ဟီးဟီဟိ ဟေးဟေ့ဟေ...
ကောင်မတွေ ကြည့်ကြစမ်း
ကိုဖိုးချို ပျိုးထုံးကြီးကို
ယောင်ပြီးဖက်နမ်း။
--ခင်စမ်းရေ--
(၂၈.၉.၁၉၇၉)
No comments:
Post a Comment